Weekly ReportMay 22, 2025 – May 31, 2025
အပတ်စဉ် ပဋိပက္ခ အစီရင်ခံစာ — မေလ ၂၂–၃၁၊ ၂၀၂၅
Civilian Impact
Non-Child Civilians Killed40
Children Killed8
Women Killed13
Civilians Arrested83
Houses Burned768
Air Strikes23
Military
Military Clashes95
SAC Soldiers Killed150
PDF Fighters Killed8
Installations Captured6
Other
စစ်ကောင်စီတပ်သား လက်နက်ချမှု30
သိမ်းဆည်းရမိသော လက်နက်60
မေလနောက်ဆုံးပတ်တွင် စစ်ကောင်စီ၏ လေကြောင်းနှင့် လက်နက်ကြီးတိုက်ခိုက်မှုများကြောင့် ပဲခူးတိုင်းနှင့် စစ်ကိုင်းတိုင်းတို့တွင် အရပ်သားသေဆုံးမှုနှင့် နေအိမ်ပျက်စီးမှု အများဆုံးဖြစ်ပွားခဲ့သည်။ ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ရှိ စစ်ကောင်စီစခန်းများကို KNLA ပူးပေါင်းတပ်များက အရှိန်အဟုန်ဖြင့် သိမ်းပိုက်နိုင်ခဲ့သည်။
Key Events
- မေလ ၂၃ ရက်မှ ၃၀ ရက်အတွင်း ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ရှိ ဘလယ်ဒိုစခန်း၊ ကနဲလေးစခန်း၊ ရွှေအေးမြိုင်စခန်း၊ ဘုရင့်နောင်စခန်းနှင့် မော်ခီးစခန်းတို့ကို KNLA ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။
- ပဲခူးတိုင်းတွင် စစ်ကောင်စီ၏ တိုက်ခိုက်မှုများကြောင့် တစ်ပတ်အတွင်း အရပ်သား ၁၉ ဦး သေဆုံးခဲ့ပြီး နေအိမ် ၇၅၀ လုံး မီးလောင်ပျက်စီးခဲ့သည်။
- မေလ ၂၇ ရက်တွင် ကချင်ပြည်နယ်၊ ဗန်းမော်မြို့ရှိ စကခ (၂၁) အနီးရှိ စစ်ကောင်စီ ကာကင်းစခန်းအချို့ကို KIA ပူးပေါင်းတပ်များက သိမ်းပိုက်ခဲ့သည်။
- ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်တွင် AA ၏ စစ်မှုထမ်းဥပဒေကို ဆန့်ကျင်ဆန္ဒပြသည့် ဒေသခံ ၅၀ ခန့်ကို AA က ဖမ်းဆီးခဲ့သည်။
- ဘင်္ဂလားဒေ့ရှ်အစိုးရက မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီး မိုနိုဝါဟိုစိန်နှင့် စစ်သံမှူးတို့ကို ဒါကာမြို့သို့ ချက်ချင်းပြန်ခေါ်ယူလိုက်သည်။
Regions Affected
BagoSagaingKarenMagwayMandalay
Note on statistics: The figures and events presented are drawn from published accounts in local media, reports and research by our network. Figures are cross-checked from local sources wherever possible, however due to challenges of reporting in conflict zones, discrepancies may result. In general, our team of researchers believe actual numbers are likely higher than we report.
Full Report
ExpandLoading PDF…