Weekly ReportMarch 8, 2025 – March 14, 2025
အပတ်စဉ် ပဋိပက္ခ အစီရင်ခံစာ — မတ်လ ၈–၁၄၊ ၂၀၂၅
Civilian Impact
Non-Child Civilians Killed25
Children Killed4
Women Killed5
Civilians Arrested75
Houses Burned76
Air Strikes37
Military
Military Clashes53
SAC Soldiers Killed216
PDF Fighters Killed15
Installations Captured4
မတ်လ ဒုတိယပတ်အတွင်း မန္တလေးတိုင်းတွင် အရပ်သားသေဆုံးမှု အများဆုံးဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုများမှာ ဆက်လက်ပြင်းထန်နေသည်။ တစ်ဖက်တွင်လည်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များသည် ပဲခူးတိုင်း၊ ကရင်ပြည်နယ်နှင့် ကချင်ပြည်နယ်တို့ရှိ စစ်ကောင်စီအခြေစိုက်စခန်းအချို့ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။
Key Events
- မတ်လ ၁၃ ရက်နေ့တွင် ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်ကောင်စီ၏ ညောင်ကျိုးအသေခံခံစစ်စခန်းကို အာရက္ခတပ်တော် (AA) နှင့် ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။
- မတ်လ ၈ ရက်နေ့တွင် ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ သပြေညွန့်ရွာရှိ စစ်ကောင်စီတပ်စခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၀ ဦးထက်မနည်း သေဆုံးခဲ့သည်။
- ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်ရှိ စစ်ကောင်စီ၏ ခလရ ၃၁ ပူလူတူစခန်းကို မတ်လ ၁၃ ရက်နေ့တွင် KNLA ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။
- မတ်လ ၁၀ ရက်နေ့တွင် ကချင်ပြည်နယ်၊ ဗန်းမော်မြို့အခြေစိုက် အမှတ်(၂၁)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၏ ကာကင်းအချို့ကို KIA ပူးပေါင်းတပ်များက သိမ်းပိုက်နိုင်ခဲ့သည်။
- ကနေဒါအစိုးရသည် စစ်ကောင်စီအဖွဲ့ဝင် ဦးဘရွှေ အပါအဝင် လူပုဂ္ဂိုလ် ၁၃ ဦးနှင့် ကာကွယ်ရေးဝန်ကြီးဌာန အပါအဝင် အဖွဲ့အစည်း ၃ ခုကို ဒဏ်ခတ်ပိတ်ဆို့မှုအသစ်များ ချမှတ်ခဲ့ကြောင်း မတ်လ ၇ ရက်နေ့တွင် ကြေညာခဲ့သည်။
Regions Affected
MandalayKarenBagoChinSagaing
Note on statistics: The figures and events presented are drawn from published accounts in local media, reports and research by our network. Figures are cross-checked from local sources wherever possible, however due to challenges of reporting in conflict zones, discrepancies may result. In general, our team of researchers believe actual numbers are likely higher than we report.
Full Report
ExpandLoading PDF…