Weekly ReportMarch 1, 2025 – March 7, 2025
အပတ်စဉ် ပဋိပက္ခ အစီရင်ခံစာ — မတ်လ ၁–၇၊ ၂၀၂၅
Civilian Impact
Non-Child Civilians Killed128
Children Killed4
Women Killed16
Civilians Arrested49
Houses Burned1,213
Air Strikes37
Military
Military Clashes31
SAC Soldiers Killed75
Installations Captured6
မတ်လ ပထမပတ်အတွင်း စစ်ကောင်စီ၏ လေကြောင်းနှင့် လက်နက်ကြီး တိုက်ခိုက်မှုများကြောင့် အရပ်သား သေဆုံးမှု များပြားခဲ့ပြီး တနင်္သာရီတိုင်းနှင့် ရခိုင်ပြည်နယ်တို့တွင် အထိခိုက်အကျဆုံး ဖြစ်ခဲ့သည်။ စစ်ရေးအရ AA နှင့် KNLA ပူးပေါင်းတပ်ဖွဲ့များက ဧရာဝတီ၊ ရခိုင်နှင့် ကရင်ပြည်နယ်တို့ရှိ စစ်ကောင်စီ ကာကင်းစခန်းများကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။
Key Events
- မတ်လ ၂ ရက်နေ့တွင် ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်၊ ကလေးဖိုးကလိုးကျေးရွာရှိ စစ်ကောင်စီ၏ ပူလူတူတပ်စခန်းကို KNLA ပူးပေါင်းအဖွဲ့က တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။
- မတ်လ ၃ ရက်နေ့တွင် ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်ရှိ ခမရ ၃၀၈ ၏ ကာကင်းစခန်းတစ်ခုကို AA နှင့် ပူးပေါင်းတပ်ဖွဲ့များက သိမ်းပိုက်နိုင်ခဲ့သည်။
- မတ်လ ၄ ရက်နေ့တွင် ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ ဓညဝတီရေတပ်ဌာနချုပ်ဝန်းကျင်ရှိ ကာကင်းစခန်း ၄ ခုကို AA က သိမ်းပိုက်ခဲ့သည်။
- စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် မတ်လ ၃ ရက်မှ ၇ ရက်အထိ ရုရှားနှင့် ဘီလာရုစ်နိုင်ငံများသို့ သွားရောက်ကာ နျူကလီးယားစွမ်းအင်နှင့် စီးပွားရေး ပူးဆောင်ရွက်မှုဆိုင်ရာ သဘောတူညီချက်များ လက်မှတ်ရေးထိုးခဲ့သည်။
Regions Affected
TanintharyiMagwayRakhineMandalayKaren
Note on statistics: The figures and events presented are drawn from published accounts in local media, reports and research by our network. Figures are cross-checked from local sources wherever possible, however due to challenges of reporting in conflict zones, discrepancies may result. In general, our team of researchers believe actual numbers are likely higher than we report.
Full Report
ExpandLoading PDF…