Weekly ReportDecember 8, 2024 – December 14, 2024
အပတ်စဉ် ပဋိပက္ခ အစီရင်ခံစာ — ဒီဇင်ဘာလ ၈–၁၄၊ ၂၀၂၄
Civilian Impact
Non-Child Civilians Killed18
Children Killed3
Women Killed4
Civilians Arrested296
Houses Burned698
Air Strikes8
Military
Military Clashes65
SAC Soldiers Killed627
PDF Fighters Killed5
Installations Captured2
ဒီဇင်ဘာလ ဒုတိယပတ်အတွင်း မြန်မာနိုင်ငံတစ်ဝန်း တိုက်ပွဲပေါင်း ၆၅ ကြိမ် ဖြစ်ပွားခဲ့ပြီး ပဲခူးတိုင်းနှင့် ကရင်ပြည်နယ်တို့တွင် တိုက်ပွဲအများဆုံး ဖြစ်ပွားခဲ့သည်။ စစ်ကောင်စီ၏ လေကြောင်းနှင့် လက်နက်ကြီး တိုက်ခိုက်မှုများကြောင့် အရပ်သား ထိခိုက်သေဆုံးမှုနှင့် နေအိမ်မီးလောင်ပျက်စီးမှုများ ဆက်လက်မြင့်တက်နေသည်။
Key Events
- ဒီဇင်ဘာ ၇ ရက်တွင် ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်ရှိ စစ်ကောင်စီ၏ တောင်သုံးလုံးနှင့် ဆင်စွယ်စခန်း ၂ ခုကို KNLA ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်သား ၁၆ ဦး သေဆုံးခဲ့သည်။
- ဒီဇင်ဘာလ ဒုတိယပတ်အတွင်း မန္တလေးတိုင်း၌ အရပ်သား ၂၀၆ ဦးအထိ အများဆုံး ဖမ်းဆီးခံခဲ့ရပြီး နေအိမ် ၃၀၀ မီးလောင်ပျက်စီးခဲ့သည်။
- ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌက နိုင်ငံတစ်ဝန်းရှိ မြို့နယ် ၃၃၀ အနက် လုံခြုံရေးစိတ်ချရသော ၁၆၁ မြို့နယ်တွင်သာ ရွေးကောက်ပွဲ ကျင်းပနိုင်မည်ဟု ဒီဇင်ဘာ ၇ ရက်တွင် ပြောကြားခဲ့သည်။
- တရုတ်အစိုးရ၏ ဖိတ်ကြားချက်အရ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ ဦးဆောင်သောအဖွဲ့သည် ဒီဇင်ဘာ ၈ ရက်တွင် တရုတ်နိုင်ငံသို့ သွားရောက်ခဲ့သည်။
- အမေရိကန် စီးပွားကူးသန်းဝန်ကြီးဌာနက မြန်မာစစ်တပ်ထံ စစ်ဘက်ဆိုင်ရာ အသုံးအဆောင်ပစ္စည်းများ ရောင်းချသည့် တရုတ်နှင့် မြန်မာအခြေစိုက် ကုမ္ပဏီ ၄ ခုကို ဒီဇင်ဘာ ၁၀ ရက်တွင် ပိတ်ဆို့အရေးယူခဲ့သည်။
Regions Affected
SagaingMandalayBagoKarenRakhine
Note on statistics: The figures and events presented are drawn from published accounts in local media, reports and research by our network. Figures are cross-checked from local sources wherever possible, however due to challenges of reporting in conflict zones, discrepancies may result. In general, our team of researchers believe actual numbers are likely higher than we report.
Full Report
ExpandLoading PDF…