အပတ်စဉ် ပဋိပက္ခ အစီရင်ခံစာ — ဇွန်လ ၂၂–၃၀၊ ၂၀၂၄
Civilian Impact
Military
Other
၂၀၂၄ ခုနှစ် ဇွန်လ နောက်ဆုံးပတ်တွင် တော်လှန်ရေးတပ်ဖွဲ့များ၏ မြို့သိမ်း၊ စခန်းသိမ်းတိုက်ပွဲများ အရှိန်အဟုန်ပြင်းလာပြီး ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်း စတင်ခဲ့သည်။ စစ်ကောင်စီ၏ လေကြောင်းနှင့် လက်နက်ကြီး တိုက်ခိုက်မှုများကြောင့် အရပ်သားထိခိုက်သေဆုံးမှု မြင့်မားခဲ့ကာ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင် အခြေအနေ အဆိုးရွားဆုံးဖြစ်ခဲ့သည်။
Key Events
- ဇွန်လ ၂၉ ရက်နေ့တွင် ချင်းညီနောင်နှင့် ပူးပေါင်းတပ်များက ချင်းပြည်နယ်၏ ဒုတိယမြို့တော် မတူပီမြို့ကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့သည်။
- ဇွန်လ ၂၅ ရက်မှစတင်ကာ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် TNLA နှင့် ပူးပေါင်းတပ်များက ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းအဖြစ် နောင်ချိုနှင့် ကျောက်မဲမြို့များရှိ စစ်ကောင်စီစခန်းများကို တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။
- ရခိုင်ပြည်နယ်တွင် အာရက္ခတပ်တော် (AA) က သံတွဲလေဆိပ်၊ သံတွဲမြို့မရဲစခန်းနှင့် တောဟိန်းတောင် ဗျူဟာကုန်း အပါအဝင် အရေးပါသော စစ်ကောင်စီစခန်းများကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။
- ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် မန္တလေးတိုင်းအတွင်းရှိ မြို့များမှ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၃ ဦးသည် ဇွန်လ ၂၅ ရက်မှ ၂၉ ရက်အတွင်း TNLA ထံတွင် လက်နက်ချ အလင်းဝင်ခဲ့သည်။
Regions Affected
Note on statistics: The figures and events presented are drawn from published accounts in local media, reports and research by our network. Figures are cross-checked from local sources wherever possible, however due to challenges of reporting in conflict zones, discrepancies may result. In general, our team of researchers believe actual numbers are likely higher than we report.