Weekly ReportApril 8, 2026 – April 14, 2026
အပတ်စဉ် ပဋိပက္ခ အစီရင်ခံစာ — ဧပြီ ၈–၁၄၊ ၂၀၂၆
Civilian Impact
Non-Child Civilians Killed15
Women Killed1
Civilians Arrested28
Houses Burned235
Air Strikes85
Military
Military Clashes38
SAC Soldiers Killed47
PDF Fighters Killed8
Installations Captured3
ဧပြီ ၈–၁၄၊ ၂၀၂၆ အတွင်း ပဲခူး ၊ မွန်၊ စစ်ကိုင်း ဒေသများတွင် ပဋိပက္ခနှင့် စစ်ကော်မရှင်၏ လေကြောင်းတိုက်ခိုက်မှုများ ထင်ရှားခဲ့သည်။ အရပ်သားသေဆုံးမှုမှာ စစ်ကိုင်း တွင် အမြင့်ဆုံးဖြစ်ပြီး နေအိမ်မီးရှို့ဖျက်ဆီးမှုမှာ ပဲခူး တွင် အများဆုံး ဖြစ်ပွားခဲ့သည်။
Key Events
- KNLA နှင့် ပူးပေါင်းတပ်ဖွဲ့များ၏ စစ်ဆင်ရေး ဧပြီလ ၄ ရက်၌ ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်ရှိ စစ်ကော်မရှင်၏ လက်ယက်စခန်း (ပွိုင့် ၁၂၈ စခန်း) ကို KNLA တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ဧပြီလ ၇ ရက်တွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီး တိုက်ပွဲအတွင်း စစ်သား ၈ ဦး သေဆုံးပြီး စစ်သား ၃၀ ဦး ထက်မနည်းထိခိုက်ဒဏ်ရာရရှိခဲ့သည်။
- ဧပြီလ ၁၂ ရက်တွင် မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်အတွင်းရှိ လေးကေစစ်ကော်မရှင်တပ်စခန်းကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ ဒုတပ်ရင်းမှူး အောင်သော်နှင့် အခြားအဆင့်တစ်ဦး အရှင်မိပြီး စစ်သား ၅ ဦး သေဆုံးခဲ့သည်။
- ဧပြီလ ၁၃ ရက်တွင် ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်၊ မဲသဝေါဒေသရှိ စစ်ကော်မရှင်တပ်၏ ကြယ်ပြောင်ကုန်း စခန်းကို KNLA ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။
Regions Affected
BagoMonSagaingMandalayMagway
Note on statistics: The figures and events presented are drawn from published accounts in local media, reports and research by our network. Figures are cross-checked from local sources wherever possible, however due to challenges of reporting in conflict zones, discrepancies may result. In general, our team of researchers believe actual numbers are likely higher than we report.
Full Report
ExpandLoading PDF…