Weekly ReportDecember 22, 2025 – December 31, 2025
အပတ်စဉ် ပဋိပက္ခ အစီရင်ခံစာ — ဒီဇင်ဘာ ၂၂–၃၁၊ ၂၀၂၅
Civilian Impact
Non-Child Civilians Killed57
Children Killed7
Women Killed23
Civilians Arrested336
Houses Burned2,993
Air Strikes122
Military
Military Clashes117
SAC Soldiers Killed275
PDF Fighters Killed11
Installations Captured2
ဒီဇင်ဘာလနောက်ဆုံးပတ်တွင် စစ်ကိုင်း၊ မန္တလေးနှင့် မကွေးတိုင်းတို့၌ လေကြောင်းတိုက်ခိုက်မှုနှင့် နေအိမ်မီးရှို့ဖျက်ဆီးမှုများ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီ၏ တစ်ဖက်သပ်ရွေးကောက်ပွဲကို နိုင်ငံတကာလေ့လာရေးအဖွဲ့များ လာရောက်စောင့်ကြည့်ခဲ့ကြသည်။
Key Events
- ဒီဇင်ဘာလ ၂၆ ရက်တွင် ကချင်ပြည်နယ်၊ ဗန်းမော်မြို့ရှိ စစ်ကောင်စီ၏ ခလရ-၄၇ တပ်ရင်းစခန်းနှင့် ဗန်းမော်တက္ကသိုလ်စခန်းတို့ကို KIA က အပြီးသတ်သိမ်းယူနိုင်ခဲ့ပြီး ဗျူဟာမှူးနှင့် တပ်ရင်းမှူးများ သေဆုံးခဲ့သည်။
- ဒီဇင်ဘာလ ၂၈ ရက်တွင် ကျင်းပမည့် စစ်ကောင်စီ၏ ရွေးကောက်ပွဲကို စောင့်ကြည့်ရန် ဘယ်လာရုစ်၊ ရုရှား၊ တရုတ်နှင့် အိန္ဒိယ အပါအဝင် ၉ နိုင်ငံမှ ကိုယ်စားလှယ် ၆၀ ကျော် ရန်ကုန်မြို့သို့ ရောက်ရှိလာခဲ့သည်။
- တရုတ်အထူးကိုယ်စားလှယ် တိန့်ရှီးကျွင်းက စစ်ကောင်စီ၏ ရွေးကောက်ပွဲသည် တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် စစ်ကောင်စီခေါင်းဆောင်တို့အကြား ထားရှိသည့် သဘောတူညီမှုဖြစ်ကြောင်း ပြောဆိုခဲ့သည်။
- စစ်ကိုင်းတိုင်းတွင် တစ်ပတ်အတွင်း လေကြောင်းတိုက်ခိုက်မှု ၅၆ ကြိမ်အထိ အများဆုံးပြုလုပ်ခဲ့ပြီး မန္တလေးတိုင်းတွင် နေအိမ် ၁,၇၈၀ လုံးအထိ အများဆုံး မီးရှို့ဖျက်ဆီးခံခဲ့ရသည်။
Regions Affected
SagaingMandalayMagwayRakhineBago
Note on statistics: The figures and events presented are drawn from published accounts in local media, reports and research by our network. Figures are cross-checked from local sources wherever possible, however due to challenges of reporting in conflict zones, discrepancies may result. In general, our team of researchers believe actual numbers are likely higher than we report.
Full Report
ExpandLoading PDF…