Weekly ReportNovember 22, 2025 – November 30, 2025
အပတ်စဉ် ပဋိပက္ခ အစီရင်ခံစာ — နိုဝင်ဘာ ၂၂–၃၀၊ ၂၀၂၅
Civilian Impact
Non-Child Civilians Killed31
Children Killed6
Women Killed12
Civilians Arrested127
Houses Burned201
Air Strikes47
Military
Military Clashes65
SAC Soldiers Killed181
PDF Fighters Killed11
Other
ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရသူ200
နိုဝင်ဘာလ နောက်ဆုံးပတ်တွင် ရှမ်းပြည်နယ်တောင်ပိုင်း၌ တိုက်ပွဲများအပြင်းအထန်ဖြစ်ပွားခဲ့ပြီး စစ်ကိုင်းတိုင်းတွင် လေကြောင်းတိုက်ခိုက်မှုနှင့် ဖမ်းဆီးမှုများ အများဆုံးပြုလုပ်ခဲ့သည်။ တနင်္သာရီနှင့် မန္တလေးတိုင်းတို့တွင် နေအိမ်မီးရှို့ဖျက်ဆီးမှုများ သိသိသာသာ မြင့်တက်ခဲ့သည်။
Key Events
- ဘယ်လာရုစ်နိုင်ငံသမ္မတ လူကာရှန်ကိုသည် မင်းအောင်လှိုင်၏ ဖိတ်ကြားချက်အရ နိုဝင်ဘာလ ၂၆ ရက်တွင် နေပြည်တော်သို့ ပထမဆုံးအကြိမ် ချစ်ကြည်ရေးခရီး ရောက်ရှိခဲ့သည်။
- ရန်ကုန်မြို့၊ အင်းစိန်ထောင်ရှိ ပုဒ်မ ၅၀၅-က ဖြင့် အကျဉ်းချခံထားရသူ ၂၀၀ ကျော်ကို နိုဝင်ဘာလ ၂၇ ရက်တွင် စစ်ကောင်စီက ပြန်လည်လွှတ်ပေးခဲ့သည်။
- ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့သည့် မြန်မာ-ဘယ်လာရုစ် စီးပွားရေးဖိုရမ်တွင် အမေရိကန်ဒေါ်လာ ၉ သန်း တန်ဖိုးရှိသော သဘောတူစာချုပ် ၁၆ စောင်ကို နှစ်နိုင်ငံစီးပွားရေးလုပ်ရှင်များအကြား ချုပ်ဆိုခဲ့သည်။
- ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ပိုင်းရှိ ဖလူးလေး၊ ဝေါ်လေနှင့် စုကလိလမ်းပိုင်းကို နိုဝင်ဘာလ ၂၉ ရက်တွင် ပြန်လည်ဖွင့်လှစ်ပေးလိုက်ပြီဖြစ်ကြောင်း DKBA က ကြေညာခဲ့သည်။
- စစ်ကိုင်းတိုင်းတွင် တစ်ပတ်အတွင်း လေကြောင်းတိုက်ခိုက်မှု ၂၈ ကြိမ်အထိ အများဆုံးပြုလုပ်ခဲ့ပြီး အရပ်သား ၁၀ ဦး သေဆုံးကာ ၇၁ ဦး ဖမ်းဆီးခံခဲ့ရသည်။
Regions Affected
SagaingShan (Southern)TanintharyiMandalayMagway
Note on statistics: The figures and events presented are drawn from published accounts in local media, reports and research by our network. Figures are cross-checked from local sources wherever possible, however due to challenges of reporting in conflict zones, discrepancies may result. In general, our team of researchers believe actual numbers are likely higher than we report.
Full Report
ExpandLoading PDF…