Weekly ReportJuly 22, 2025 – July 31, 2025
အပတ်စဉ် ပဋိပက္ခ အစီရင်ခံစာ — ဇူလိုင် ၂၂–၃၁၊ ၂၀၂၅
Civilian Impact
Non-Child Civilians Killed85
Children Killed9
Women Killed27
Civilians Arrested125
Houses Burned222
Air Strikes186
Military
Military Clashes69
SAC Soldiers Killed341
PDF Fighters Killed3
ဇူလိုင်လနောက်ဆုံးပတ်တွင် မန္တလေးနှင့် မကွေးတိုင်းတို့၌ လေကြောင်းတိုက်ခိုက်မှုနှင့် မီးရှို့ဖျက်ဆီးမှုများ အရှိန်မြင့်လာခဲ့ပြီး စစ်ကောင်စီသည် ၎င်း၏အာဏာကို မြှင့်တင်ရန် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ကို အသစ်ပြင်ဆင်ဖွဲ့စည်းခဲ့သည်။ တစ်ဖက်တွင်လည်း အမေရိကန်လွှတ်တော်က စစ်ကောင်စီ၏ ဘဏ္ဍာငွေနှင့် လေယာဉ်ဆီရရှိမှုကို ဖြတ်တောက်ရန် ဥပဒေကြမ်းများ အတည်ပြုခဲ့သည်။
Key Events
- ဇူလိုင်လ ၂၆ ရက်တွင် တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ပလမြို့ရှိ စစ်ကောင်စီ၏ ကင်းစခန်းနှင့် ဂိတ်စခန်းများကို KNLA ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး စစ်သား ၁၇ ဦး သေဆုံးခဲ့သည်။
- အမေရိကန်လွှတ်တော် ဘဏ္ဍာရေးဆိုင်ရာ ဝန်ဆောင်မှုကော်မတီက မြန်မာစစ်တပ်၏ လေယာဉ်ဆီရရှိမှုကို ကန့်သတ်ပိတ်ဆို့နိုင်မည့် BRAVE မြန်မာဥပဒေကြမ်း အပါအဝင် ဥပဒေမူကြမ်း ၃ ခုကို ဇူလိုင် ၂၂ ရက်တွင် အတည်ပြုခဲ့သည်။
- စစ်ကောင်စီက VPN အသုံးပြုမှုနှင့် တစ်ဦးချင်းစီ၏ သတင်းအချက်အလက်များကို ထိန်းချုပ်မည့် ဆိုက်ဘာလုံခြုံရေးဥပဒေကို ဇူလိုင်လ ၃၀ ရက်တွင် အတည်ပြု ပြဋ္ဌာန်းလိုက်သည်။
- ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ကို အသစ်ဖွဲ့စည်းကာ ၎င်းကိုယ်တိုင် ယာယီသမ္မတနှင့် ကော်မရှင်ဥက္ကဋ္ဌအဖြစ် ပူးတွဲတာဝန်ယူကြောင်း ဇူလိုင် ၃၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။
Regions Affected
MandalayMagwayTanintharyiSagaingBago
Note on statistics: The figures and events presented are drawn from published accounts in local media, reports and research by our network. Figures are cross-checked from local sources wherever possible, however due to challenges of reporting in conflict zones, discrepancies may result. In general, our team of researchers believe actual numbers are likely higher than we report.
Full Report
ExpandLoading PDF…