အပတ်စဉ် ပဋိပက္ခ အစီရင်ခံစာ — ဩဂုတ် ၈–၁၄၊ ၂၀၂၄
Civilian Impact
Military
Other
ဩဂုတ်လ ဒုတိယအပတ်အတွင်း မန္တလေးတိုင်းနှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင် တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများ သိသိသာသာ မြင့်တက်လာခဲ့သည်။ တော်လှန်ရေးအင်အားစုများက မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်ရှိ စစ်ကောင်စီစခန်းများကို ဆက်တိုက်သိမ်းပိုက်နိုင်ခဲ့သော်လည်း လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားထိခိုက်သေဆုံးမှု များပြားခဲ့သည်။
Key Events
- ဩဂုတ်လ ၉ ရက်နှင့် ၁၁ ရက်တို့တွင် မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်း ၉ ခုကို TNLA နှင့် MDY-PDF ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။
- ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တစ်ပတ်အတွင်း စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်မှု ၄၅ ကြိမ်အထိ ပြုလုပ်ခဲ့ပြီး အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ကျရှုံးမှုအပြီး ရန်ကုန်နှင့် နေပြည်တော်တို့တွင် စစ်ကောင်စီက တရုတ်ဆန့်ကျင်ရေး ဆန္ဒပြပွဲများ စီစဉ်ခဲ့သည်။
- ဧရာဝတီတိုင်းတွင် တစ်ပတ်အတွင်း အရပ်သား ၃၃ ဦးအထိ ဖမ်းဆီးခံခဲ့ရပြီး ၎င်းသည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဖမ်းဆီးခံရမှု၏ အများစုဖြစ်သည်။
- တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယီနှင့် အထူးကိုယ်စားလှယ် တိန့်ရှီကျင်းတို့ နေပြည်တော်သို့ လာရောက်ပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်၊ အာဏာရှင်ဟောင်း ဦးသန်းရွှေတို့နှင့် တွေ့ဆုံကာ နယ်စပ်ကုန်သွယ်ရေးနှင့် လက်နက်ကိုင်ပဋိပက္ခများကို ဆွေးနွေးခဲ့သည်။
Regions Affected
Note on statistics: The figures and events presented are drawn from published accounts in local media, reports and research by our network. Figures are cross-checked from local sources wherever possible, however due to challenges of reporting in conflict zones, discrepancies may result. In general, our team of researchers believe actual numbers are likely higher than we report.