အပတ်စဉ် ပဋိပက္ခ အစီရင်ခံစာ — ဇူလိုင်လ ၈–၁၄ ရက်၊ ၂၀၂၄
Civilian Impact
Military
Other
ဇူလိုင်လ ဒုတိယအပတ်အတွင်း မြန်မာနိုင်ငံတဝှမ်း၌ တိုက်ပွဲပေါင်း ၉၆ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ၏ လေကြောင်းနှင့် လက်နက်ကြီး တိုက်ခိုက်မှုများကြောင့် အရပ်သားသေဆုံးမှု များပြားခဲ့သည်။ အထူးသဖြင့် ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် မန္တလေးတိုင်းတို့တွင် ၁၀၂၇ စစ်ဆင်ရေး အပိုင်း (၂) အရှိန်အဟုန် မြင့်တက်နေကာ စစ်ကောင်စီ၏ တပ်စခန်းအများအပြားကို တော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်နိုင်ခဲ့သည်။
Key Events
- ဇူလိုင် ၁၄ ရက်တွင် မန္တလေးတိုင်း၊ စဉ့်ကူးမြို့ကို တော်လှန်ရေးတပ်ဖွဲ့များက အပြီးသတ်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၉ ဦးထက်မနည်းကိုလည်း အရှင်ဖမ်းဆီးရမိခဲ့သည်။
- ရှမ်းပြည်နယ်မြောက်ပိုင်းတွင် TNLA နှင့် ပူးပေါင်းတပ်ဖွဲ့များက နောင်ချိုမြို့ရှိ စစ်ကောင်စီ၏ ဒုံးတပ်ရင်း (၆၀၆) နှင့် ဂုတ်တွင်းတပ်စခန်း အပါအဝင် အရေးပါသော စခန်းပေါင်းများစွာကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။
- မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ လက်ဝဲမြင်းနီကျေးရွာရှိ နေအိမ် ၅၀၀ ကျော်ကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့သဖြင့် နာမကျန်းဖြစ်နေသော သက်ကြီးရွယ်အို ၅ ဦး မီးလောင်သေဆုံးခဲ့ရသည်။
- ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်တွင် AA မှ ခလရ (၅၅) တပ်ရင်းကို သိမ်းပိုက်နိုင်ခဲ့ပြီး မောင်တောမြို့နယ်တွင်လည်း စစ်ကောင်စီ၏ လက်နက်ကြီးကြောင့် ရိုဟင်ဂျာ ၂ ဦး သေဆုံးခဲ့သည်။
- နိုင်ငံတကာဆက်ဆံရေးတွင် တရုတ်နိုင်ငံက စစ်ကောင်စီအား လက်နက်နှင့် ခဲယမ်းများ ထောက်ပံ့ရန် ပြင်ဆင်နေကြောင်းနှင့် မြန်မာနိုင်ငံရှိ နိုင်ငံရေးပါတီ ၄ ခုကို တရုတ်နိုင်ငံသို့ လေ့လာရေးခရီး ဖိတ်ခေါ်ခဲ့ကြောင်း သိရသည်။
Regions Affected
Note on statistics: The figures and events presented are drawn from published accounts in local media, reports and research by our network. Figures are cross-checked from local sources wherever possible, however due to challenges of reporting in conflict zones, discrepancies may result. In general, our team of researchers believe actual numbers are likely higher than we report.